ALPINE အမှတ်တံဆိပ်ကို အတူတကွတည်ဆောက်ခြင်းဆီသို့

ALPINE အမှတ်တံဆိပ်ကို အတူတကွတည်ဆောက်ခြင်းဆီသို့

လွယ်ဟိန်းကုမ္ပဏီရဲ့ အခုလို သောက်စရာကုန်ပစ္စည်းအမှတ်တံဆိပ် အသစ်များကို ALPINE နာမည်ဖြင့် အတည်ပြုထောက်ခံမှု ပြုရန် ဆုံးဖြတ်လိုက်ခြင်းသည် ၎င်းအမှတ်တံဆိပ်များ၏ အရည်အသွေးနှင့် ၎င်းမှပေးနိုင်သော ဈေးကွက်ပိုင်ဆိုင်မှုနှင့် အမှတ်တံဆိပ်၏တန်ဖိုးတို့ကို ယုံကြည်မှု အပြည့်ရှိကြောင်း သက်သေပြပါသည်။

 

Alpine သောက်ရေသန့် နှင့် GreenHills Coffee အမှတ်တံဆိပ် ၂ ခု ပူးပေါင်းကာ ရန်ကုန်တက္ကသိုလ်တွင် ပြုလုပ်ကျင်းပခဲ့သည့် ကျောင်းပွဲကို ပံ့ပိုးကူညီခဲ့ပါသည်။ ဒါက လွယ်ဟိန်းကုမ္ပဏီ၏ ALPINE အမှတ်တံဆိပ်အောက်တွင် အရည်အသွေးမြင့်ပြီး အားကောင်းသော အမှတ်တံဆိပ်များ တည်ဆောက်ရန် ဦးတည်ချက် ဖြစ်ပါသည်။

ထိုပူးပေါင်းလုပ်ဆောင်ခြင်းသည် Green Hills Coffee နှင့် Tip Top ကဲ့သို့ အသစ်လာမည့် အမှတ်တံဆိပ်များကို ALPINE အမှတ်တံဆိပ်အောက်တွင် ဗျူဟာနည်းစနစ်ကျကျ သောက်စရာဖျော်ရည်လိုင်း တည်ဆောက်ခြင်း၏ ပထမခြေလှမ်းလည်း ဖြစ်ပါသည်။

ရှမ်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကျင်းပသည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နှုတ်ဆက်အခမ်းအနားကို ၂၀၁၈၊ ဂျူလိုင်လ ၁၅ ရက်၊ တနင်္ဂနွေနေ့က ရန်ကုန်တက္ကသိုလ်အတွင်း၌ ကျင်းပခဲ့ ပါသည်။  ကျောင်းသား၊ ကျောင်းသူနှင့် ဆရာဆရာမ စုစုပေါင်း အယောက် ၇၅၀ ကျော်ခန့်တက်ရောက်ခဲ့ကြပြီး အလှမောင်မယ်ရွေးချယ်ပွဲ၊ ရိုးရာအက အစရှိသည့် ခမ်းနားသည့်  ဖျော်ဖြေတင်ဆက်မှုများဖြင့် တင်ဆက်ခဲ့သည်။

“မြန်မာနိုင်ငံ သောက်ရေသန့်ဈေးကွက်ခေါင်းဆောင်အနေနဲ့ လွယ်ဟိန်းကုမ္ပဏီရဲ့ အမှတ်တံဆိပ် အသစ်ဖြစ်တဲ့ Green Hills Coffee နဲ့ ပူးပေါင်းလုပ်ဆောင်ရတဲ့အတွက် ဝမ်းသာပါတယ်။ နောက်ထပ် ဒီလိုအခွင့်အရေးတွေ ကြုံတွေ့ဖို့လည်း မျှော်လင့်ပါတယ်” ဟု Alpine ရေသန့်၏ ဈေးကွက်ရှာဖွေရေး တာဝန်ခံ Mr. Tanakorn မှ ပြောကြားခဲ့ပါသည်။

ဤပွဲအတွက် Alpine Water မှ အဓိကကူညီပံ့ပိုးသူနှင့် Green Hills Coffee မှ အသင့်သောက်ကော်ဖီ ပံ့ပိုးသူအဖြစ် အသီးသီးပါဝင်ခဲ့ပါသည်။

“Green Hills Coffee အနေနဲ့ ALPINE ရဲ့ ထောက်ခံမှုပေးရန် ရွေးချယ်လိုက်သည့် ကနဦးအမှတ်တံဆိပ်အသစ်များထဲမှ တစ်ခုဖြစ်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒီပွဲက ALPINE အမှတ်တံဆိပ်အောက်ကနေ ဈေးကွက်အတွင်း Green Hills Coffee အမှတ်တံဆိပ် ပိုမိုကျယ်ပြန့်လာစေရန် အတူတကွလက်တွဲ ဆောင်ရွက်တဲ့ ခြေလှမ်းအစလို့လည်း ဆိုနိုင်ပါတယ်” ဟု   Green Hills Coffee ဈေးကွက်ရှာဖွေရေး တာဝန်ခံ မသက်စု မှ ပြောကြားခဲ့ပါတယ်။

လွယ်ဟိန်းကုမ္ပဏီရဲ့ အခုလို သောက်စရာကုန်ပစ္စည်းအမှတ်တံဆိပ် အသစ်များကို ALPINE နာမည်ဖြင့် အတည်ပြုထောက်ခံမှု ပြုရန် ဆုံးဖြတ်လိုက်ခြင်းသည် ၎င်းအမှတ်တံဆိပ်များ၏ အရည်အသွေးနှင့် ၎င်းမှပေးနိုင်သော ဈေးကွက်ပိုင်ဆိုင်မှုနှင့် အမှတ်တံဆိပ်၏တန်ဖိုးတို့ကို ယုံကြည်မှု အပြည့်ရှိကြောင်း သက်သေပြပါသည်။ ဒီစီးပွားရေးနည်းဗျူဟာသည် အခြားအမှတ်တံဆိပ်အသစ်များကို မြန်မာဈေးကွက်အတွင်း မိတ်ဆက်ဖို့လမ်းကြောင်းကို ဖန်တီးပေးလိုက်ခြင်းလည်း ဖြစ်ပါသည်။ အမှတ်တံဆိပ်အသစ်များ ဈေးကွက်အတွင်း ဈေးကွက်နေရာလျှင်မြန်စွာရရှိပြီး ပိုမိုယှဉ်ပြိုင်မှုအားကောင်းလာအောင် ALPINE အမှတ်တံဆိပ်၏ ထောက်ခံမှုနှင့် ပြည်တွင်းဈေးကွက်၏ အသိအမှတ်ပြုမှုများဖြင့် ပြုလုပ်လုပ်ဆောင်လျက်ရှိပါသည်။

Alpine Water နှင့် Green Hills Coffee တို့မှ Alpine Dairy နှင့်လည်း အတူတကွ ပူးပေါင်း၍  Customer Relationship Management လှုပ်ရှားမှုများကို လုပ်ဆောင်ရင်း ဖြန့်ချီကိုယ်စားလှယ်များနှင့် ရေရှည်ဆက်ဆံရေး တည်ဆောင်နိုင်ရန် ရှေ့လများတွင် ဆက်လက်လုပ်ဆောင်သွားပါမည်။ ယခုကဲ့သို့ အမှတ်တံဆိပ် ၃ ခုလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဈေးကွက်အတွင်း ပိုမိုကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်နိုင်ရုံသာမက ပူးပေါင်းမှုကြောင့်ရရှိလာသော ဈေးကွက်အချက်အလက်များဖြင့် စားသုံးသူများ၏လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားဆောင်ရွက်သွားပါမည်။

Leave a Reply

Your email address will not be published. Required fields are marked *