လွယ်ဟိန်းမှ အသင့်သောက်ကော်ဖီအသစ်ကို စတင်မိတ်ဆက်ခြင်း

လွယ်ဟိန်းမှ အသင့်သောက်ကော်ဖီအသစ်ကို စတင်မိတ်ဆက်ခြင်း

လက်ရှိဈေးကွက်၏ ပြောင်းလဲမှုများကို အခြေခံ၍ စားသုံးသူများ၏လိုအပ်ချက်များကို ဖြည့်စွမ်းပေးနိုင်ရန် တမူထူးခြားသော သောက်စရာကုန်ပစ္စည်းအသစ်ကို ဈေးကွက်အတွင်းသို့ လွယ်ဟိန်းကုမ္ပဏီနေဖြင့် မိတ်ဆက်ပေးလိုပါသည်။

 

လွယ်ဟိန်းကုမ္ပဏီသည် မြန်မာနိုင်ငံတွင် သောက်ရေသန့်၊ အချိုရည်နှင့် အားဖြည့်အချိုရည်တို့အား ထုတ်လုပ်ဖြန့်ဖြူးပေးနေသော ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်ပါသည်။ လွယ်ဟိန်းကုမ္ပဏီမှ ပထမဆုံးကော်ဖီကုန်ပစ္စည်းကို မြန်မာနိုင်ငံ၏ ကော်ဖီဈေးကွက်အတွင်းသို့ စတင်ဖြန့်ချီလိုက်ပြီဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။

နောက်လာမည့်ငါးနှစ်အတွင်းတွင် မြန်မာနိုင်ငံ၏ အသင့်သောက်ကော်ဖီဈေးကွက်သည် ၅% မှ ၉ % နှုန်းအတွင်း နှစ်စဉ်ပုံမှန်တိုးတက်လိမ့်မည်ဟု ခန့်မှန်းထားပါသည်။ ထိုသို့တိုးတက်လာမှုကို အဓိကတွန်းအားပေးသောအချက်များမှာ လူငယ်လူဦးရေများပြားလာခြင်း၊ ဝင်ငွေတိုးလာခြင်း၊ ဈေးဝယ်ကုန်တိုက်များ တိုးပွားလာခြင်း နှင့် စားသုံးသူများ၏ ရွေးချယ်စရာအခွင့်အရေးများ ပိုမိုရရှိလာခြင်း တို့ကြောင့်ဖြစ်ပါသည်။ လက်ရှိဈေးကွက်၏ ပြောင်းလဲမှုများကို အခြေခံ၍ စားသုံးသူများ၏လိုအပ်ချက်များကို ဖြည့်စွမ်းပေးနိုင်ရန် တမူထူးခြားသော သောက်စရာကုန်ပစ္စည်းအသစ်ကို ဈေးကွက်အတွင်းသို့ လွယ်ဟိန်းကုမ္ပဏီနေဖြင့် မိတ်ဆက်ပေးလိုပါသည်။

ယခုမိတ်ဆက်ပေးလိုသော အမှတ်တံဆိပ်အသစ်ကတော့ Green Hills Coffee ဖြစ်ပြီး ကော်ဖီနှင့်ပတ်သက်သော ထုတ်ကုန်ပစ္စည်းများ အစုံအလင်ပါဝင်ပါမည်။ ကနဦးအနေဖြင့် (၁) Black Coffee (၂) Iced Coffee (၃) Mocha နှင့် (၄) Vanilla Latte အစရှိသည့် ဘူးကော်ဖီအရသာလေးမျိုးကို ဈေးကွက်အတွင်း မိတ်ဆက်ဖြန့်ဖြူးသွားပါမည်။ ဤကော်ဖီဘူးများကို ထိုင်းနိုင်ငံတွင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ထား၍ ဘေးအန္တရာယ်ကင်းကြောင်းအတည်ပြုသည့် GMP ၊ HACCP လက်မှတ်များရရှိထားကာ လူမျိုးမရွေး၊ ဘာသာမရွေး သောက်သုံးနိုင်ပါသည်။ Green Hills Coffee ကို ၁၈၀ မီလီလီတာ သံဘူးလေးများဖြင့် ထုတ်လုပ်ထားပြီး ခေတ်မှီသော ဘူးပုံစံကို ပေးစွမ်းထားရုံမက ကော်ဖီစစ်စစ်တစ်ခွက်၏ ထူးခြားသောအရသာများကို ခံစားရရှိစေပါသည်။ စားသုံးသူမိဘပြည်သူတိုင်း သောက်သုံးနိုင်ရန်အတွက် ငွေကျပ် ၅၀၀ ဝန်းကျင်ခန့်ဖြင့် ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါပြီ။

နေ့စဉ်သွားလာလှုပ်ရှာရင်း အဆင်ပြေလွယ်ကူမြန်ဆန်စွာ သောက်သုံးနိုင်သောသောက်စရာကို လိုအပ်နေကြသည့်  လုပ်ငန်းခွင်မှလူငယ်များနှင့်  တက္ကသိုလ်ကျောင်းသူကျောင်းသားများအတွက် Green Hills Coffee ကို ရည်ရွယ်ထုတ်လုပ်ထားပါသည်။ ပင်ပန်းနွမ်းနယ်၍ အိပ်ငိုက်နေသောခရီးသွားများ၊ ကားမောင်းသူများအတွက်လည်း သဘာဝအားဖြည့် အချိုရည်တစ်ခုလည်းဖြစ်ပါသည်။ ဒါ့အပြင် စိတ်လှုပ်ရှားဖွယ် စွန့်စွန့်စားစား လှုပ်ရှားမှုများအတွက် အားအင်အချိုရည်အဖြစ် သုံးဆောင်နိုင်ရုံသာမက ကော်ဖီအရသာကိုကြိုက်နှစ်သက်သူများအနေဖြင့်လည်း ကော်ဖီအရသာအစုံကို နေ့စဉ်ပေါ့ပေါ့ပါးပါး လွတ်လပ်စွာ ခံစားသောက်သုံးနိုင်ပါသည်။ Green Hills Coffee  ၏ “Head For the Hills” အမှတ်တံဆိပ်ဆောင်ပုဒ်အတိုင်း သောက်သုံးသူများကို နေ့စဉ်ရှုပ်ထွေးသောဘဝထဲမှ လွတ်မြောက်စေပြီး  စိမ်းလန်းကျယ်ပြန့်သောတောင်တန်းများ၊ မြက်ခင်းပြင်များ၊ တောအုပ်များ၊ မြစ်ချောင်းအင်းအိုင်များ အစရှိသည့် ပိုမိုလန်းဆန်းသော သဘာဝတောတောင်ရေမြေရှုခင်းများထံ ရောက်ရှိသွားသည့် အခိုက်အတန့် ခံစားချက်လေးကို ပေးစွမ်းနိုင်မယ်လို့ မျှော်လင့်ပါသည်။

Green Hills Coffee ၏ ပရိုမိုးရှင်းအစီအစဉ်များကိုလည်း မကြာမီ တွေ့မြင်ရမှာဖြစ်လို့ စောင့်မျှော်အားပေးနိုင်ပါပြီ။ ဤကုန်ပစ္စည်းအသစ်အပေါ် စားသုံးသူများ၏ လက်ခံမှုကိုလည်း အားတက်ဖွယ်တွေ့ရှိရပါသည်။ စိတ်ဝင်စားနေကြသော စားသုံးသူများ၏လိုအင်ကို အကောင်းဆုံးဖြည့်ဆည်းပေးသွားရန် Green Hills Coffee အဖွဲ့မှလည်း ပိုမိုအားတက်သရော ကြိုးစားသွားပါမည်။

Leave a Reply

Your email address will not be published. Required fields are marked *