နိုင်ငံတကာတွင် ပထမဦးဆုံးသော မြန်မာနိုင်ငံအခြေဆိုက် အများပိုင် FMCG ကုမ္ပဏီ တစ်ခု ဖြစ်လာမည်ဖြစ်သည်။
လွယ်ဟိန်း ကုမ္ပဏီမှ ပထမဦးဆုံးခြေလှမ်းအနေဖြင့် စတော့ရှယ်ယာများကို ထိုင်းစတော့ရှယ်ယာဈေးကွက် (Stock Exchange of Thailand) မှ တစ်ဆင့် အများပြည်သူထံရောင်းချပေးမည်ဖြစ်ကြောင်း ဂုဏ်ယူစွာဖြင့်အသိပေးပြောကြားလိုပါသည်။ စတော့ရှယ်ယာရောင်းချခြင်းများပြုလုပ်ရန် ရင်းနှီးမြှပ်နှံမှုဘဏ် နှင့် ငွေကြေးဆိုင်ရာအကြံပေးအဖြစ် KTZmico ထိုင်း (KTZmico of Thailand) အားရွေးချယ်ထားပြီး မကြာမီအချိန်အတွင်းမှာပဲ သက်ဆိုင်ရာ စီးပွားရေးဥပဒေအကြံပေးနှင့် စာရင်းစစ်အဖွဲ့အစည်းများကိုလည်း ခန့်အပ်သွားမည်ဖြစ်ပါသည်။
စတော့ရှယ်ယာများအား ဈေးကွက်အတွင်းသို့စတင်ရောင်းချရန် ၂ နှစ် ကနေ ၃ နှစ် အထိ ကြာမြင့်မည်ဖြစ်ပြီး အစောဆုံးအနေဖြင့် ၂၀၂၁ ခုနှစ်တွင် အလုံးစုံပြီးစီးနိုင်ရန် မျှော်မှန်းထားပါသည်။ အကယ်၍ ထိုသတ်မှတ်ထားသောအချိန်အတွင်း ပြီးစီးမည်ဆိုပါက နိုင်ငံတကာတွင် ပထမဦးဆုံးသော မြန်မာနိုင်ငံအခြေစိုက် အများပိုင် FMCG ကုမ္ပဏီ တစ်ခု ဖြစ်လာမည်ဖြစ်သည်။ ပြည်တွင်းပြည်ပများ၌ လုပ်ငန်းနှင့်ဈေးကွက်တိုးချဲ့ခြင်းများအတွက် လိုအပ်သောအရင်းအနှီးကိုလည်း ရှာဖွေသွားပါမည်။ ရရှိလာသောအရင်းအနှီးများက နိုင်ငံတကာ ကုမ္ပဏီအကြီးစားများနှင့် ယှဉ်ပြိုင်နိုင်ရန် အထောက်အပံ့ပေးမည်ဖြစ်ပြီး ထိုမှတစ်ဆင့် မြန်မာနိုင်ငံ၏ FMCG ထိပ်တန်းကုမ္ပဏီ တစ်ခုအဖြစ် ဆက်လက်ရပ်တည်သွားနိုင်မည် ဖြစ်သည်။ ရရှိလာသောအရင်းအနှီးများဖြင့် လက်ရှိထုတ်လုပ်မှုနည်းပညာများကို အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်နိုင်ရုံသာမက ဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်ငံကဲ့သို့ တင်ပို့ရောင်းချနိုင်သည့်ဈေးကွက်များ ရှာဖွေရန် အကူအညီပေးနိုင်ပါသည်။
လွယ်ဟိန်းကုမ္ပဏီ၏ အဓိကလုပ်ငန်းကြီးလုပ်ဆောင်ချက် ၄ မျိုးတွင် FMCG, ငွေကြေးလုပ်ငန်းများ၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် အခြားသောစီးပွားရေးလုပ်ငန်း များပါဝင်ပါသည်။ ထိုလုပ်ငန်းကြီးများမှ FMCG လုပ်ငန်းကိုသာ အများပိုင်အဖြစ်ပြုလုပ်ပေးမည်ဖြစ်ပြီး အခြားသော လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ဆက်လက်ထားရှိမည်ဖြစ်သည်။ ဥပမာ Alpine သောက်ရေသန့် နှင့် Alpine Dairy နို့ထွက်ပစ္စည်း အမှတ်တံဆိပ်တို့ကို အများပိုင်အစုရှယ်ယာများအနေဖြင့် ဝယ်ယူနိုင်မှာဖြစ်ပြီး လွယ်ဟိန်းကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း (LHLS) ကိုတော့အစုရှယ်ယာရောင်းချခြင်းဈေးကွက်တွင် ထည့်သွင်းသေးမည် မဟုတ်ပါ။
လာမည့် ၂ နှစ် တာကာလအတွင်း အများပိုင်အစုရှယ်ယာများ စတင်ရောင်းချနိုင်အောင် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ပြီး ကုမ္ပဏီ၏ အဓိကကျသောအစိတ်အပိုင်းများဖြစ်သည့် အရောင်းဌာန၊ အရောင်းမြှင့်တင်ရေးနှင့် ဈေးကွက်ရှာဖွေရေးဌာန၊ ဘဏ္ဍာရေးဌာန၊ ဝန်ထမ်းရေးရာဌာန နှင့် လုပ်ငန်းများလည်ပတ်မှုဌာနများကို ပိုမိုကောင်းမွန်အောင်ပြောင်းလဲမည်ဖြစ်ပါသည်။ ကော်ပိုရိတ် အုပ်ချုပ်မှုအသစ်နှင့် လိုက်နာမှု လုပ်ထုံးလုပ်နည်း အသစ်များကိုလည်း ကျင့်သုံးသွားမည် ဖြစ်ပါသည်။ ပိုမိုထိရောက်သည့် ဘဏ္ဍာရေးနှင့် ပစ္စည်းစာရင်းထိန်းချုပ်မှုလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ပြီး ကော်ပိုရိတ် ဆက်သွယ်ရေး နှင့် ပွင့်လင်းမြင်သာသော လုပ်ထုံးလုပ်နည်းများကိုလည်း တည်ဆောက်သွားပါမည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်လည်း ရုံးခွဲတစ်ခုဖွင့်လစ်ရန်အတွက် ကြိုးစားလျှက်ရှိပါသည်။ အထက်ဖော်ပြပါ အစီအစဉ်များသည် ကုမ္ပဏီ၏ လုပ်ငန်းစဉ်များပြောင်းလဲရန် စီမံချက်များမှ အစိတ်အပိုင်းတစ်ခုသာရှိပါသေးသည်။
၂၀၁၈ ခုနှစ် မတ်လပိုင်း ၁ ရက်နေ့တွင် IPO ဖြစ်မြောက်စေရန် လုပ်ဆောင်ရမည့်အစီအစဉ်များဖြစ်သည့် Aqua စီမံကိန်း အားစတင်၍ ဖော်ဆောင်ခဲ့ပါသည်။ ထိုစီမံကိန်းဖြစ်မြောက်အောင် ကူညီနိုင်ရန်အတွက် ရန်ကုန်ရုံးနှင့် စင်ကာပူနိုင်ငံရုံးမှ အဓိကကျသောပညာရှင် ဝန်ထမ်းများကိုရွေးချယ်သွားမည်ဖြစ်ပါသည်။ အထက်ဖော်ပြပါ အစီအစဉ်များဖြင့် ကုမ္ပဏီအား စွမ်းဆောင်ရည်ပိုမိုမြင့်မားတိုးတက်စေရန် ပြောင်းလဲ လုပ်ဆောင်ရာတွင် ခက်ခဲသည့်အခြေအနေများနှင့် တွေ့ကြုံမှာအမှန်ပင်ဖြစ်သည်။ အုပ်ချုပ်ရေးအပိုင်းမှ တာဝန်ရှိသူများမှလည်း ဤပြောင်းလဲမှုခြေလှမ်းကြောင့် အဖွဲ့အစည်းတစ်ခုလုံး အကျိုးရလဒ် ဖြစ်ထွန်းစေရန်နှင့် အဆင်ပြေချောမွေ့စေရန် အကောင်းဆုံး စီစဉ်ဆောင်ရွက် ပေးပါမည်။ ဒီလိုပြောင်းလဲခြင်းများက အားလုံးအတွက် စိတ်လှုပ်ရှားဖွယ်အချိန်ဖြစ်မည်မှာ အသေအချာပင် ဖြစ်ပါသည်။